テインギーニュース

2018年9月21日 金曜日

 

ရခိုင်ပြည်နယ်တွင် ယခုပညာသင်နှစ်အတွင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် စာသင်ကျောင်း ၁၅ ကျောင်းဆောက်လုပ်မည် ဖြစ်သည်။

ကျောင်းများတည်ဆောက် ရာတွင် စစ်တွေ၌ လေးကျောင်း၊ ပုဏ္ဏားကျွန်း၌ သုံးကျောင်း၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦး၌ နှစ်ကျောင်းစီ၊ မြေပုံနှင့် ကျောက်ဖြူမြို့နယ်၌ တစ်ကျောင်းစီတည်ဆောက်မည် ဖြစ်သည်။

 ယခု ဆောက်လုပ်မည့် ကျောင်းဆောင်များသည် ရေကြီး၊မြေပြိုသဘာဝဘေးဒဏ်ခံရသည့် ကျောင်းများဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကိုမန်မုန်တိုင်း တိုက်ခတ် ပြီးနောက် ပျက်စီးခဲ့တဲ့ ကျောင်း ဆောင်တွေပေါ့’’ ဟု ၎င်းက ဆို သည်။

၂၀၁၅ တွင် တိုက်ခတ်ခဲ့သော ကိုမန်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် မြန်မာနိုင်ငံ အတွင်းရှိ ၄၉၃ ကျောင်းပြုပြင်ဆောက်လုပ်ရန် JICA က ဂျပန်ယန်း ဘီလီယံ ၁၅၀ လှူဒါန်းခဲ့သည်။ အဆိုပါကျောင်း ၅၀၀ ခန့်တွင် ရခိုင်ရှိ ကျောင်း ၂၆၀ ပါဝင်ခဲ့သည်။

 

ヤカイン州に 今年国際協力機構(JICA)援助で学校15校を建てます。

シットェに4校、ポッナーチュンに3校、チャウト、ミンピャーとミャウーには2校、ミェポンとチャウッピューに1校建てます。

建てる学校は洪水、土砂災害にとコマン台風に遭った学校です。

2015年にコマン台風の被害に遭った学校493校の建設のためにJICA から150億円(billion)寄付されました。493校の中で ラカインの学校は260校あります。




Copyright(C) MVC会計事務所. All Rights Reserved.