テインギーニュース

2019年12月13日 金曜日

今年度中モン州でシンガポール事業を増やすためにシンガポール投資ショーを開催すると投資委員会書記ウタンジンリンが言いました。

シンガポールの投資はミャンマーでは現在一番多く220億ドル以上事業の数は310以上でやっています。

投資ショーを11月28日と29日にシンガポールプライベートカンパニーSurbana Jurongが開催し、シンガポールの起業家が100人以上出席する予定です。

ミャンマーに来て投資したいアメリカの会社はアメリカの投資としてではなくシンガポールから投資していますとウタンジンリンが言いました。

それ以外では日本とアメリカが協力して投資フォーラムを12月にモン州で行うと丸山市郎大使が言いました。

現在モン州の投資ショーをJICA, JETROとアメリカが協力して開催します。どのセクションでやるのかは相談してると丸山市郎大使が言いました。

モーラミャインに日本が計画している東西経済道路があります。その道路によって産業と商業インフラが起こることを期待しています。

その道路はヤンゴンからタイとラオスを渡ってベトナムのダナンまで接続します。その道路で

ジアのカウカレイク橋、ザイカバル橋とオタワ橋を新しく建てるために計画しています。 

 ယခုဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်တွင် စင်ကာပူလုပ်ငန်းများ ထပ်မံတိုးလာရန် စင်ကာပူရင်းနှီးမြှုပ်နှံမှုပြပွဲကို ဆောင် ရွက်မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင် လွင်က ပြောသည်။

စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုသည် မြန်မာနိုင်ငံတွင် လက်ရှိ အထိ အများဆုံးဖြစ်ပြီး ဒေါ်လာ ၂၂ ဘီလီယံကျော်ဖြင့် လုပ်ငန်း ၃၁၀ ကျော် လုပ်ကိုင်နေသည်။
 မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု ပြပွဲကို နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် ဆောင် ရွက်မည်ဟု ၎င်းကဆိုသည်။
ထိုပြပွဲကို စင်ကာပူပုဂ္ဂလိက ကုမ္ပဏီ Surbana Jurong က ဆောင်ရွက်ခြင်းဖြစ်ပြီး စင်ကာပူ လုပ်ငန်းရှင် ၁၀၀ ကျော် တက် ရန် စီစဉ်ထားသည်ဟုဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက် လုပ်ကိုင်လိုသည့် အမေရိကန် ကုမ္ပဏီများသည် အမေရိကန် ရင်းနှီးမြှုပ်နှံမှုအဖြစ် သီးခြားဝင် ရောက်ခြင်း မရှိဘဲ စင်ကာပူမှ တစ်ဆင့် ဝင်ရောက်နေခြင်းဖြစ် သည်ဟု ဦးသန့်စင်လွင်က ပြော သည်။
ထို့ပြင် ဂျပန်နှင့် အမေရိကန်ပူး ပေါင်း၍ ရင်းနှီးမြှုပ်နှံမှုဆွေးနွေး ပွဲတစ်ခုကို ဒီဇင်ဘာတွင် မွန်ပြည်
နယ်၌ ကျင်းပမည်ဟု  မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အီချီ ယိုမာရူယာမက ပြောသည်။
 ‘‘လောလောဆယ် မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုဆွေး နွေးပွဲ ကို JICA, JETRO နဲ့ အမေရိကန်တို့ ပူးပေါင်းပြီးလုပ်ဖို့ ရှိပါတယ်။ ဘယ်ကဏ္ဍတွေ လုပ်မယ် ဆိုတာ ဆွေးနွေးနေတုန်းပါ’’ ဟု သံအ မတ်က ပြောထားသည်။
မော်လမြိုင်မြို့သည် ဂျပန်နိုင်ငံက အကောင်အထည် ဖော်နေသည့် အရှေ့-အနောက်စီးပွား ရေးလမ်းကြောင်း၌ ရှိသည်။ထိုလမ်းကြောင်း တစ်လျှောက် တွင် စက်မှုဇုန်များနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အ အုံများ ပေါ်ပေါက်လာရန် ဂျပန်နိုင်ငံက မျှော်လင့်ထားသည်။
အဆိုပါ စြင်္ကံသည် ရန်ကုန်ကစတင်ပြီး ထိုင်းနှင့် လာအိုနိုင်ငံ တို့ကို ဖြတ်သန်း၍ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အထိ ချိတ်ဆက်ရန် ဖြစ်သည်။ ထိုလမ်းကြောင်းရှိ ဂျိုင်း (ကော့ကရိတ်) တံတား၊ဂျိုင်း (ဇာသပြင်)တံတားနှင့် အတ္ထရံံတံတားကို အသစ်တည်ဆောက် ရန် ဂျပန်နိုင်ငံက စီစဉ်နေသည်။




Copyright(C) MVC会計事務所. All Rights Reserved.