テインギーニュース

2020年10月2日 金曜日

ဩစတြေးလျနိုင်ငံအနေ ဖြင့် COVID-19 ကာကွယ်ဆေး ထောက်ပံ့ရာတွင် မြန်မာနိုင်ငံကို ဦးစားပေးစေလိုကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း က မြန်မာနိုင်ငံဆိုင်ရာ ဩစတြေး လျသံအမတ်နှင့် COVID-19 ပြန် လည်ထူထောင်ရေးလုပ်ငန်းစဉ် အတွက် စက်တင်ဘာ ၃၀ ရက် ကဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ဩစတြေးလျသံအမတ်က COVID-19 ကြောင့် ထိခိုက်ခဲ့ သော စီးပွားရေးလုပ်ငန်းများ ပြန် လည်လည်ပတ်စေရေးနှင့် လူ တိုင်း COVID-19 ကာကွယ်ဆေး ကို ညီတူမျှတူ သုံးစွဲခွင့်ရရှိရေး သည် ညီတူညီမျှ အရေးကြီး ကြောင်း၊  ဩစတြေးလျနိုင်ငံအ နေဖြင့် COVAX Facility အစီအ စဉ်ဖြင့် ထောက်ပံ့မှုများ ဆောင် ရွက်နေကြောင်း ပြောသည်။

 မြန်မာနိုင်ငံပါဝင်သည့် အာဆီယံနိုင်ငံများ၏ စီးပွားရေး ပြန်လည်ထူထောင်မှုစီမံကိန်းသို့ ဩစတြေးလျက ဒေါ်လာ သန်း ၈၀ အား ပံ့ပိုးပေးမည်ဟုဆိုသည်။

ဩစတြေးလျနိုင်ငံက Aus-tralia’s Aid Investment Plan (2015-2020) အရ ဖွံ့ဖြိုးရေး အကူအညီများပေးရာတွင် ငါးနှစ် ထပ်တိုးပေးရန်လည်း ဆွေးနွေး ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ထိုအတွက် စတုတ္ထအကြိမ် မြောက် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းဆွေးနွေးပွဲကျင်းပမည် ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

 

9月30日にCOVID-19のワクチンのリハビリテーションプロセスについてオーストラリア大使と話し合った際に、オーストラリアにCOVID-19のワクチンをミャンマーに優先して提供してほしいとユニオン投資外国貿易大臣のU Thaung Tunが言いました。

 

オーストラリア大使はCOVID-19の影響を受けた企業を復活させることと、すべての人にCOVID-19のワクチンを平等に提供することの重要性は同じであり、オーストラリアがCOVAX Facilityを提供する予定とのことと言いました。

オーストラリアはミャンマーを含むASEANの経済復興計画に8000万ドルを提供すると言いました。
オーストラリアは援助投資計画 (2015-2020)に基づく開発援助の5年間の延長についても相談したと投資外国貿易省が言いました。


開発協力に関する協議の第4回目を開催すると投資外国貿易省が発表しました。




Copyright(C) MVC会計事務所. All Rights Reserved.