テインギーニュース


ဟောင်ကောင်အခြေ စိုက် အာမခံကုမ္ပဏီ AIA က မြန်မာနိုင်ငံတွင် လုပ်ငန်းစတင် ကြောင်း ကြေညာခြင်းနှင့် ကုမ္ပဏီဖွင့်လှစ်ပွဲကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ Pan Pacific တာဝါ ၌ ကျင်းပသည်။

အဆိုပါ အာမခံကုမ္ပဏီ AIA သည် ၂၀၁၉ နိုဝင်ဘာတွင် ပြည်တွင်း၌ အသက်အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

AIA ၏ အာမခံလုပ်ငန်း ဆောင်ရွက်သည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ၁၈ နိုင်ငံမြောက် ဖြစ်လာသည်။ ထို့အပြင် မြန်မာ နိုင်ငံတွင် ဈေးကွက်သေးငယ် သည့် အသက်အာမခံလုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်မည် ဟု AIA ကုမ္ပဏီအုပ်စု အမှုဆောင် အရာရှိချုပ် မစ္စတာ Ng KengHooi က ပြောသည်။

မြန်မာ့ အသက်အာမခံလုပ်ငန်းသည် လူဦးရေ၏ သုည ဒသမ၀၁ ရာခိုင်နှုန်းသာရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် လိုသေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေး ကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောသည်။

အမေရိကန်၊ ဂျပန်ကုမ္ပဏီ များအပါအဝင် နိုင်ငံခြားအသက် အာမခံ ကုမ္ပဏီငါးခုကို ပြည်တွင်း ၌ ပထမဆုံး လုပ်ကိုင်ခွင့်ပြုခဲ့ပြီး နိုင်ငံခြားကုမ္ပဏီများသည် အ သက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းတို့လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ အသက်အာမခံလုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်းပြည့်နိုင်ငံခြားကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်ပြီး ကျန်အာမခံလုပ်ငန်းများကို ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်။

 

香港の保険会社 AIA のミャンマーで仕事を開始する発表と会社の開会式が1月18日にヤンゴンのパンパシフィックタワーで行われました。

保険会社AIAは2019年11月から国内で生命保険の販売を実施する権利があります。

AIAが保険事業を行う国はミャンマーが18番目の国になりました。その他ミャンマーでは生命保険の市場が小さいので市場拡大に努めるとAIA会社グループ最高経営責任者 Mr.Ng Keng Hooi が言いました。

ミャンマーの生命保険の数は人口の0.01%だけあるため、開発する必要があるとプロジェクト 財務産業省、財務監督局長ウーゾーナインが言いました。

アメリカ企業、日本企業を入れた5つ外海生命保険会社が国内で初めて保険の販売が許可されました。

今後外国企業は生命保険と損害保険の販売が許可される予定です。生命保険は100%外国企業を許可されていますが、生命保険以外の保険事業は国内企業との協力して行う必要があります。


コメントをどうぞ

CAPTCHA





Copyright(C) MVC会計事務所. All Rights Reserved.