テインギーニュース

2019年2月5日 火曜日

ပုဂ္ဂလိက အာမခံ ကုမ္ပဏီ GGI နှင့် ထိုင်းနိုင်ငံ အခြေစိုက် Tokio Marine အာမခံလုပ်ငန်း တို့ပူးပေါင်း၍ ရေကြောင်းကုန် စည်သယ်ဆောင်ရာလုပ်ငန်းများ အတွက် ပြည်ပရေကြောင်း ပို့ကုန်အာမခံ ၀န်ဆောင်မှုပေးမည် ဟု GGI ကုမ္ပဏီ အုပ်ချုပ်မှု ဒါ ရိုက်တာဦးမျိုးနောင်က ပြောသည်။

ပြည်ပရေကြောင်း ပို့ကုန် အာမခံကို ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခြင်းတွင် လုံခြုံစိတ်ချမှု ရှိစေရန်၊ ဆုံးရှုံးမှုဖြစ်ပေါ်ပါက အ ကာအကွယ်ရရှိရန်၊ ဘေးအန္တရာယ်ကင်းစွာဖြင့် ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရေကြောင်း၊ လေကြောင်း၊ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ရာတွင် အာမခံထားသော ကုန်ပစ္စည်း များ တင်ဆောင်လာသောယာဉ်သည် သဘာဝဘေးအန္တ ရာယ်၊ မတော်တဆထိခိုက်မှု၊ မီးလောင်မှုကြောင့် ယာဉ်နစ်မြုပ်၊ပျက်စီး၍ ကုန်ပစ္စည်းများ ဆုံးရှုံးပါက အာမခံအကာအကွယ်နှင့် အကျိုးခံစားခွင့်များရရှိမည် ဖြစ် သည်။

ပြည်ပရေကြောင်း ပို့ကုန်အာမခံ ပေးသွင်းရာတွင် ကုန်ပစ္စည်းပေါ်မူတည်၍ ဒေါ်လာ (သို့မဟုတ်) ကျပ်ငွေဖြင့် ပေးသွင်း နိုင်မည် ဖြစ်သည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီ GGI နှင့် ထိုင်းနိုင်ငံအခြေစိုက် Tokio Marine အာမခံ လုပ်ငန်းတို့ ပူးပေါင်း၍ ပြည်ပရေကြောင်း ပို့ကုန်အာမခံကို ပြည်တွင်းသို့ မိတ်ဆက်ခြင်းနှင့် သဘောတူစာ ချုပ်ပေးအပ်ခြင်း အခမ်းအနားကို ဇန်န၀ါရီ ၃၁ ရက်က ပြုလုပ်ခဲ့ သည်။

民間保険会社GGI とタイベースTokio Marine保険がコラボレーションして海上貨物輸送活動のために海外海上輸出保険サービスをやりますと GGIのディレクターウミョナウンが言いました。

安全に物資を輸送するために、海外海上輸出保険をミャンマーで初めて実施します。

海上、航空、道路で輸送中に保険に入った商品が自然災害、事故、火災で破損したら保険給付を貰うことができます。

外国海上輸出保険を供給する時に製品に応じてドルかチャットで払う事ができます。

タイベースTokio Marine保険とのコラボレーションで外国海上輸出保険供給を国内で1月31日に紹介しました。




Copyright(C) MVC会計事務所. All Rights Reserved.