テインギーニュース

2020年3月19日 木曜日

စားသုံးသူပြည်သူများ သိသင့်သည့် အချက်လက်တို့ကို မြန်မာစာဖြင့် ဖော်ပြရန် လုံလောက်သော ပြင်ဆင်ချိန် ပေးပြီးဖြစ်၍ မတ် ၁၆ ရက်နောက်ပိုင်း ‌စျေးကွက်တွင် စစ်ဆေးကာ မြန်မာစာ မပါရှိသည့် ကုန်စည်များကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က မတ်၂ ရက် မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ကျင်းပသည့် မွန်ပြည်နယ် စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် စားသုံးသူဥပဒေအရ ကုန်စည်အမျိုးအစားလိုက် ကုန်အညွှန်း အမှတ်သားများ ရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။

ထုတ်လုပ်သည့် လုပ်ငန်းရှင်များက မြန်မာလိုဖော်ပြရမည့် အချက်အလက်တို့ကို မိမိတို့ ကုန်ပစ္စည်းတွေမှာ ဖော်ပြရန်၊ ရောင်းချသည့် ဆိုင်များကလည်း မြန်မာလိုမပါသည့် ကုန်ပစ္စည်းများသည် စိတ်မချရသည့်တွက် တင်မရောင်းရန်၊ စားသုံးသူ ပြည်သူများကလည်း စျေးကွက်မှဝယ်သည့်အခါ သေချာစွာ စိစစ်ဝယ်ယူရန်၊ မြန်မာလိုမပါက စိတ်မချရသည့်အတွက် မဝယ်ယူရန် ဖြည့်စွက်ပြီး ပြောလိုကြောင်း ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ပြောကြားသည်။

ပြည်ပမှတင်သွင်းသည့် ကုန်စည်များကို တင်သွင်းသူက မြန်မာစာဖြင့် ဖော်ပြရန် တာဝန်ယူပြီး Online Shopping ရောင်းသူများသည် ကုန်ပစ္စည်း ထုတ်လုပ်သူများဖြစ်ရာ မြန်မာလိုပါရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲရှိပါက အချိန်မရွေး ဌာနသို့ တင်ပြရန်၊ ဥပဒေမှာ အများဆုံး ပြစ်ဒဏ် ကျပ်သိန်း ၂၀၀၊ ထောင်ဒဏ်နှစ်နှစ်၊ ယင်းထက် မပိုသည့် ပြစ်ဒဏ်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ရဲထွဋ်နိုင်က ဆိုသည်။

 

3月2日に消費生活局本社監督のU Ye Htut Naingが消費者保護法について以下のことを発表しました。

 

ミャンマーで販売する全ての商品に、消費者が知っておくべき情報をミャンマー語で表記することが法律で定められ、準備期間が設けられました。

3月16日以降に市場で検査を行い、ミャンマー語表記のない商品は法律で罰せられます。

 

製造者は商品にミャンマー語表記を入れること、販売店はミャンマー語表記のない商品を販売しないこと、

消費者も購入時にミャンマー語表記があるかを確認することが必要です。

 

海外から輸入商品を取り扱う場合もミャンマー語で表記することが必要であり、

オンラインショップ等も製造メーカーと同じくミャンマー語表記が必要です。

製造側に問題があった場合は消費生活局に報告をしてください。

罰則は2千万チャットの罰金か、懲役2年の禁固刑、もしくはその両方です。

 




Copyright(C) MVC会計事務所. All Rights Reserved.