テインギーニュース

2020年4月2日 木曜日

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှု ဦးစီးဌာန (DICA) အနေဖြင့် ဗီဇာသက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ငါးရက်အထိ  ကျန်ရှိသည့် နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်း များ ဗီဇာသက်တမ်းတိုး လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

COVID-19 ရောဂါဖြစ်ပွားနေမှု ကာလအတွင်း ဗီဇာသက်တမ်းတိုး ထောက်ခံချက်တင်ပြရန် သတ်မှတ်ချက်များကို DICA က ထုတ်ပြန်ထားရာ လျှောက်လွှာပုံစံများကို DICA Website မှတစ်ဆင့်ရယူ၍ အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး ကုမ္ပဏီOfficer ( Managing Director, Director, Authorized Officer)တစ်ဦးက လက်မှတ်ရေးထိုး၍ တင်ပြရမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် email တို့ကို ရှင်းလင်းစွာရေးသားရန်လို အပ်ကြောင်း၊ ကုမ္ပဏီ Officer ၊ Members နှင့် ၎င်းတို့မိသားစုဝင်များ၏ ဗီဇာသက်တမ်း တိုး ထောက်ခံချက်ရရှိရေးအတွက် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ဖြင့် တင်ပြနိုင်ကြောင်း သိရသည်။

ပထမအကြိမ် ခန့်ထားသည့် နိုင်ငံခြား သားဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်ပညာရှင် အထောက်အထား တင်ပြနိုင်ခြင်းမရှိပါက ကုမ္ပဏီ Officer ၏ ထောက်ခံချက်ဖြင့် တင်ပြနိုင်ကြောင်း၊ ကုမ္ပဏီဝန်ထမ်းများအ တွက် ဗီဇာသက်တမ်းတိုး တင်ပြပါက ကုမ္ပ ဏီ၏ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်း အထောက်အထား (Contracts, Agreement, Invoice ၊ လုပ်ငန်း၊ လိုင်စင်၊ ခွင့်ပြုမိန့်) တင်ပြရမည်ဖြစ်ကြောင်း၊ လက်ခံဆောင်ရွက် ပေးပြီးသော တင်ပြစာများအတွက် လိုအပ်မည့် စာအမှတ်ကို ရုံးသို့လာရောက်ခြင်းမလို အပ်စေရေးအတွက် ကုမ္ပဏီအမည်များအ လိုက် https// www. Dica.gov.mm/mm/taxonomy/term/3830 တွင် နေ့စဉ်ကြေညာပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သတ်မှတ်ချက်များသည် COVID-19 ရော ဂါဖြစ်ပွားနေမှု၏ နိုင်ငံတော်က ကြေညာချက်အပေါ် သက်ရောက်မှုရှိသည့်ကာလ အထိသာ အကျုံးဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံခြားကုမ္ပဏီများမှ နိုင်ငံခြားသား ဒါရိုက်တာများနှင့်  ၎င်းတို့၏ မိသားစုဝင်များ၊ နိုင်ငံခြားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများမှ ခန့်ထားသောနိုင်ငံခြားသား ပညာရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ပြည်ဝင်ခွင့်ဗီဇာသက်တမ်းတိုးခြင်း ကိစ္စများအတွက် ထောက်ခံဆောင်ရွက်ပေး လျက်ရှိသည်။

投資会社管理局(DICA)はビザが切れる少なくとも5日前であればミャンマーに残る外国企業の従業員のビザの延長を許可すると発表しました。

COVID-19経過中のビザ更新の申請のための条件をDICAより発行しました。

申請書をDICAウェブサイトから入手し、必要情報の記載、Company Officer  ( Managing Director, Director, Authorized Officer)のサイン、電話番号とメールアドレスが必要です。Company Officer , Members と彼らの家族のビザの延長を取得するには会社登録証と一緒に提出する必要があります。

 

外国人従業員が専門家の文書を提示できない場合company officer推薦で提出できます。会社の従業員にビザが発行される場合、会社の現在の事業の証明(Contracts, Agreement, Invoice , 事業, ライセンス, 許可) を提出する必要があります。

提出物について必要な身分証明書をオフィスに持って行くことを避けるためDICAのウェブサイト(https// www. Dica.gov.mm/mm/taxonomy/term/3830)から手続きを行なうことが出来ます。ウェブサイトより毎日情報を発表します。

これらの処置はCOVID-19の終息をミャンマー政府が発表するまでの間のみ可能であると投資会社管理局が発表しました。

投資会社管理局は外国企業の外国人取締役と彼らの家族、外国企業とミャンマー企業が任命した外国人専門家と彼らの家族のためにビザ更新のサポート行なっています。




Copyright(C) MVC会計事務所. All Rights Reserved.