テインギーニュース

2020年9月7日 月曜日

 COVID-19 ကပ် ရောဂါဖြစ်နေချိန် ပြည်ပမှအော် ဒါ(အမှာ)များမရခြင်းကြောင့် အ ထည်ချုပ်စက်ရုံအချို့ ထပ်မံပိတ် ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြော သည်။

COVID-19 ကပ်ရောဂါ ကာလအတွင်း ရန်ကုန်တိုင်းတွင် အထည်ချုပ်စက်ရုံများ အပါအ ဝင် ပိတ်သိမ်းသည့် စက်ရုံပေါင်း  ၁၇၀ ကျော်ရှိပြီး အလုပ်လက်မဲ့ဦး ရေ လေးသောင်းကျော်ရှိနေသည် ဟု ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။

ပြည်တွင်းရှိ အထည်ချုပ် စက်ရုံများသည် အောက်တိုဘာ နောက်ပိုင်းတွင် အပ်ထည်အမှာ များ ပြတ်လပ်မှုကြုံရမည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းဝင်အချို့က ခန့် မှန်းနေသည်။ လက်ခစားလုပ်ငန်း များဖြစ်သော အထည်ချုပ်လုပ် ငန်းများသည် အပ်ထည်အမှာမရှိ လျှင် စက်ရုံများပိတ်ရမည့် အခြေ အနေဖြစ်သည်။

မြန်မာနိုင်ငံတွင်အထည် ချုပ်အသင်းဝင်စက်ရုံပေါင်း ၇၀၀ ကျော်ရှိပြီး စက်ရုံ ၂၀၀ ကျော်သာ အပ်ထည်အမှာများ ကျန်ရှိနေ သည့် အခြေအနေဖြစ်နေသည်။

အထည်ချုပ် ကဏ္ဍတွင် စက်ရုံများပိတ်သိမ်းရာ ၌ စက်ရုံလုပ်ငန်းရှင်များထွက်ပြေး မှုကြောင့် စက်ရုံပစ္စည်းများလေ လံတင်ရောင်းချပြီး အလုပ်သမား များကို လျော်ကြေးပေးနေရ သည်။

ထိုအခြေအနေတွင် အလုပ် လက်မဲ့အကျိုးခံစားခွင့် အာမခံ စနစ်ကို အမြန်ဆုံးကျင့်သုံးရန် အစိုးရက ပြင်ဆင်နေသည်။ လက်ရှိဖြစ်ပေါ်နေသည့် COVID -19 ကပ်ရောဂါကြောင့် အလုပ် လက်မဲ့ဦးရေတိုးမြင့်လာပြီး ယင်း  အလုပ်သမားများအတွက် ထိ ရောက်သည့် ထောက်ပံ့မှုမပေးနိုင် သည့်အခြေအနေတွင် အလုပ် လက်မဲ့ အကျိုးခံစားခွင့် စနစ်ကျင့် သုံးရန် စီစဉ်နေကြောင်း လူမှုဖူလုံ ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြော သည်။ COVID-19 ကပ်ရောဂါ  ကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ နှစ်သိန်းခွဲ ကျော်ရှိနေသည်။

COVID-19の流行により外海からのオーダーが減少し一部の縫製工場は閉鎖する予定であるとミャンマー縫製メーカー協会会長ウーミンソーは言いました。

COVID-19の流行中にヤンゴンで縫製工場を含め閉鎖した工場は170以上になり、4万人以上の失業者が出ているとヤンゴン管区の移民・人事大臣ドモウモウスーチーが言いました。

国内の工場は10月以降にオーダーはなくなるとミャンマー縫製メーカー協会の一部の会員は推測しています。

手工芸品縫製工場はオーダーがない場合に閉めることになります。

ミャンマーで縫製工場は700以上あり現在オーダーがあるのは200程という状況です。

衣料品部門で工場が閉鎖し工場所有者が失踪した場合は、工場の備品は競売にかけられて労働者に還元されます。

今の状況で失業者福利厚生制度を早くできるように政府は準備しています。現在流行しているCOVID-19のため失業者が増えて労働者に対する効果的な支援がない場合に失業者福利厚生制度を実践する計画があると社会福祉理事会の局長ウーマウンマウンエーが言いました。COVID-19の流行中ミャンマー全体で失業者は25万人以上になりました。




Copyright(C) MVC会計事務所. All Rights Reserved.