テインギーニュース

2019年8月27日 火曜日

ထိုင်းနိုင်ငံဘက်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီအများစု မြန်မာဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်နေပြီး လက်ရှိတွင် မြဝတီအပြင် ဘားအံအထိ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း Solar Energy လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး လက်ရှိတွင် ထိုင်းကုမ္ပဏီအချို့က လာရောက်ဆွေးနွေးထားကြောင်း သိရသည်။

“သီလဝါအထူးစီးပွားရေးဇုန်မှာ ကုန်ထုတ်လုပ်မှုကို ဦးစားပေးတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံအလယ်ပိုင်း သွားကြည့်မယ်ဆိုရင် စွမ်းအင်ဘက်ကို ဦးစားပေးလာတယ်။ Solar စွမ်းအင်နဲ့ပတ်သက်ပြီး ထိုင်းကုမ္ပဏီလေးခု၊ ငါးခုက ကျွန်တော်တို့ဆီ လာဆွေးနွေးတယ်” ဟု ဦးသန့်စင်လွင်က ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ စတုတ္ထအများဆုံး ပြုလုပ်ထားသည့် နိုင်ငံတစ်ခုဖြစ်သည်။အာဆီယံဒေသတွင်း နိုင်ငံများအနက် စင်ကာပူနိုင်ငံပြီးပါက ရင်းနှီးမြှုပ်နှံမှု ပမာဏဒုတိယအများ ဆုံးဝင်ရောက်ထားခြင်းဖြစ်သည်။

タイの多くの企業はミャンマーへ移動し、現在はミャワディ以外にパアンにも進出いると投資会社管理部門DICAの総局の局長ウーテッヂンレンが言いました。

それ以外にはタイの企業としてティラワSEZで製造業を優先的に行っています。現在はミャンマー中部で Solar Energyの事業を行うことにも興味を持っています。

ティラワSEZでは製造業を優先し、ミャンマー中部では Energy  事業を優先します。Solar Energy についてタイの企業4社、5社くらいから相談があったとウーテッヂンレンが言いました。

タイはミャンマーに現在までで$11以上億投資しており、ミャンマーで投資額4番目の国です。ASEAN諸国の中では二番目です。




Copyright(C) MVC会計事務所. All Rights Reserved.